Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဘားအံမြို့၌ အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲကျင်းပ

11 July 22

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် ၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့် မော်တာ အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၀၈;၀၀)နာရီအချိန်က ဘားအံမြို့ကရင် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခမ်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက “သင်တန်းမှ သင်ကြားတက်မြောက်ထားသည့် အိမ်တွင်း မှုအတက်ပညာဖြင့် မိသားစုဝင်ငွေရရှိရေး၊ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ရင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း” အဖွင့်အမှာစကားတွင်ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးမှ သင်တန်းထူးချွန်ဆုရရှိသော သင်တန်းသူ(၃)ဦးအား ဆုချီး မြှင့်ပေးအပ်ခြင်း၊ ကရင်ပြည်နယ် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းမှ သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်မှ သင်တန်းနည်းပြအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး သင်တန်းသူများချုပ်လုပ်ထားသော အထည်များအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။
အဆိုပါသင်တန်းကို ဘားအံမြို့နယ်အတွင်းရှိ မုက္ကဒိကျေးရွာ၊ ကော့ဒါန်းမယ်ကျေးရွာ၊ အုန်းတပင်ကျေးရွာ၊ ပိုင်ရန်းကျေးရွာ၊ လှာကမြင်ကျေးရွာ၊ ကော့ကသောင်ကျေးရွာ၊ လဆန်းကျေးရွာ၊ တရုတ်လှကျေးရွာ၊ လှာကဒေါင်းကျေးရွာရှိ ကျေးရွာ(၉)ရွာမှ သင်တန်းသူ(၂၀)ဦးဖြင့် သင်္ဘောသားအင်္ကျီနှင့် ဘောင်းဘီ၊ ချိတ်ထဘီ+ ရင်စေ့လက်ပြတ်အင်္ကျီ၊ ဖိထဘီ+ရင်ဖုံးအင်္ကျီ၊ တက္ကသိုလ်ရင်ဖုံးအင်္ကျီ၊ တစ်ဆက်တည်း လည်ထောင်အင်္ကျီ၊ ခါးတို ရင်ဖုံးလက်လျောအင်္ကျီ၊ နောက်ခွဲရင်ဖြတ်ဆက်အင်္ကျီ၊ သတို့သမီးဝတ်စုံ ချုပ်နည်း(၈)မျိုးဖြင့် စာတွေ့လက်တွေ့ (၁)လကြာ သင်ကြားပို့ချခဲ့ကြောင်းသိရသည်။