Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မိတ္ထီလာရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ခြင်း

01 July 22

မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မိတ္ထီလာ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ ၁-၇-၂၀၂၂ ရက်နေ့မှ ၃၀-၇-၂၀၂၂ ရက်နေ့ထိ အခြေခံစက်ချုပ်သင်တန်းအား ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

မိတ္ထီလာ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ပြုလုပ်သည့် အဆိုပါ အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားအား မိတ္ထီလာခရိုင်မှ ခရိုင်ဦးစီးမှူးနှင့် မိတ္ထီလာမြို့နယ်မှ မြို့နယ်ဦးစီးမှူးတို့ တက်ရောက်ခဲ့သည်ဟု သိရှိရပါသည်။

အခမ်းအနားတွင် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ ယနေ့တိုင်းကျေးလက်နှင့်ယက်ကန်းကျောင်းတို့ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ စက်ချုပ်သင်တန်းသည် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ မိသားစု ဝင်ငွေတိုးရေးကို ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ ယ္ခုအခမ်းအနားသို့ တက်ရောက်လာ သော ရမည်းသင်းခရိုင်၊ ညောင်ဦးခရိုင်၊ မိတ္ထီလာခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသူ (၂၀)ဦးသည် အချိန်အကုန်ခံ၊ အလုပ်အပျက်ခံ၍ သင်တန်းသို့ တက်ရောက်သောကြောင့် ကျေးလက်ဦးစီးမှ ငွေကြေးစိုက်ထုတ်ကုန်ကျခံပြီး အားထုတ်မှု၊ ယက်ကန်းကျောင်းမှ နည်းပညာပံ့ပိုး၍ ပူးပေါင်း ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းကို စိတ်ဝင်စားစွာဖြင့် သင်ယူပေးပါရန်၊ သင်တန်းကျောင်း စည်းကမ်း၊ အဆောင်စည်းကမ်းများလိုက်နာကြပါရန် ထိုမှတဆင့် မိမိဒေသတွင် ကိုယ်ပိုင်လုပ်ငန်း လုပ်ငန်း ဆောင်ရွက်နိုင်သည်အထိ ကြိုးစားသင်ယူကြရန် လုပ်ငန်း ဆောင်ရွက်ရာတွင် လိုအပ်သော အပ်ချုပ်စက်အတွက် မိမိတို့ကျေးရွာများတွင် ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေမှ ချေးငွေထုတ်ချေးပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။