မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်နှင့် မလှိုင်မြို့နယ်တို့တွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ဌာနမှ Shopping Method ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကုန်ထုတ်လမ်းလုပ်ငန်းနှင့် ရေပေးရေးလုပ်ငန်းများအား လုပ်ငန်းမဆောင်ရွက်မီ အခြေအနေနှင့် ဆောင်ရွက်နေမှုအခြေအနေတို့အား ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့သည်ဟု သိရှိရပါသည်။
မိတ္ထီလာမြို့နယ်မှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် မောက်လောက်ကျေးရွာအုပ်စု၊ မောက်လောက်ကျေးရွာတွင် ဆောင်ရွက်သည့် စက်ရေတွင်းတူဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် ကန်တောင် ကျေးရွာအုပ်စု၊ ကန်သာအေးကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အိမ်သွယ်ရေတိုင် စနစ်လုပ်ငန်း၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် သီးကုန်းကျေးရွာ အုပ်စု၊ သီးကုန်းကျေးရွာတွင် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း စတင်နေမှုအခြေအနေ၊ မဆောင်ရွက်မီအခြေအနေတို့အား ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)၊ ဦးစီးအရာရှိ(နည်းပညာ)တို့သည် မိတ္ထီလာမြို့နယ်မှ မြို့နယ်ဦးစီးမှူး၊ တာဝန်ခံဝန်ထမ်းများနှင့်အတူ ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ပြီး လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် လိုအပ်သည်များ ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။
မလှိုင်မြို့နယ်မှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အိမ်ကြီးတောကျေးရွာအုပ်စု၊ အိမ်ကြီးတောကျေးရွာ ကုန်ထုတ်လမ်းလုပ်ငန်း၊ မြင်းတွင်းကျေးရွာ အုပ်စု၊ မြင်းတွင်းကျေးရွာ စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းတို့၏ လုပ်ငန်းမဆောင်ရွက်မီ အခြေအနေတို့အား ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ)၊ ဦးစီးအရာရှိ(နည်းပညာ)တို့သည် မလှိုင်မြို့နယ်မှ မြို့နယ်ဦးစီးမှူး၊ တာဝန်ခံဝန်ထမ်း များနှင့်အတူ ကွင်းဆင်းသွားရောက် စစ်ဆေးခဲ့ပြီး လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် လိုအပ်သည်များ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။