ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန် အလုပ်အကိုင်အခွင့်အလမ်းများနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အခြေခံမော်တာစက်ချုပ်သင်တန်းကို ရဲမွန် ကျေးရွာတွင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး (၃၀.၆.၂၀၂၂)ရက်နေ့ နံနက်ပိုင်းက သင်တန်းဆင်းပွဲကို အဆိုပါ ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် မြောက်ပိုင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဘသိန်းမှ အမှာစကားပြောကြားခဲ့ပြီး လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်ပေးအပ်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးဦးဝင်းလှိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ ပါသည်။
အဆိုပါသင်တန်းကို ဇွန်လ(၁)ရက်မှ (၃၀)ရက်အထိ (၁)လကြာဖွင့်လှစ်ခဲ့ပြီး ရဲမွန်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသား၊သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ပါသည်။