ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်းကို ကတ်ထိုက်ကျေးရွာအုပ်စု၊တင်ထပ်ကျေးရွာ၌ ဇွန် ၂၉ ရက်တွင် ဆောင်ရွက် သည်။
ရှေးဦးစွာ ကျိုင်းတုံခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး၊ ဦးကျုံးလျန်ဗွိုင်းက အမှာစကားပြောကြားသည်။
ဆက်လက်၍ ကျိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး၊ဦးရဲခေါင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထိုနောက် စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက တင်ထပ်ကျေးရွာကော်မတီ ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ကျေးရွာမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းပြောကြားကာ တက်ရောက် လာကြသော ကျေးရွာသူ၊သားများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်(၇)ဦးကို ရွေးချယ် ပေးကြသည်။
ယခုဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ကျိုင်းတုံ ခရိုင်ကွပ်ကဲမှုအောက်ရှိ ကျိုင်းတုံမြို့နယ်၊မိုင်းခတ်မြို့နယ်၊မိုင်းပျဉ်းမြို့နယ်၊ မိုင်းလား မြို့နယ်နှင့် မိုင်းယန်းမြို့နယ်တို့ရှိ ကျေးရွာ(၄၀)၌ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ကျိုင်းတုံခရိုင်ဦးစီးမှူး၊ဦးကျုံးလျန်ဗွိုင်းထံမှ သိရသည်။