Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ အောက်စီဂျင်စက်ရုံအဝင် ကွန်ကရစ်လမ်းခင်းခြင်းအား ကွင်းဆင်းစစ်ဆေး "

29 June 22

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ကျေးလက်ဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ကော့ကရိတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် အောက်စီဂျင်စက်ရုံအဝင် ကွန်ကရစ်လမ်းခင်းခြင်း 
လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ဇွန်လ(၂၈)ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင်  တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်းသိရှိရပါသည်။
 
  ထိုသို့ ကွင်းဆင်းရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်ဝင်း၊ မြို့နယ်ဦးစီးမှူးနှင့်  မြို့နယ်တာဝန်ရှိသူများက  အောက်စီဂျင်စက်ရုံအဝင် ကွန်ကရစ်လမ်းခင်းခြင်း  လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို  မြေပြင်ကွင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး၊   လုပ်ငန်းအရည်အသွေးကောင်းမွန်စေရေး၊ သတ်မှတ် စံချိန်စံညွှန်းပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြာခဲ့ပါသည်။
 
အဆိုပါ အောက်စီဂျင်စက်ရုံအဝင်ကွန်ကရစ်လမ်းခင်းခြင်း အား  ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၊  ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ (  ၁၇..၂  )ကျပ်သန်းဖြင့်အရှည်  ၅၅၀'×၁၂'×၆"အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ 
ယနေ့ အထိ  (၅၀%)ကျော်  ပြီးစီးနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။