ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်ဒေသနေ ပြည်သူများ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ဆောင်ရွက်လျက် ရှိသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျေးရွာဖြစ်သည့် သာဇေ ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာ ဒေသခံပြည်သူများအား (သတ္တမ) အကြိမ်မြောက် မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများမှ ပြန်လည် ထုတ်ချေးပေးခဲ့ရာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းတွင် စိုက်ပျိုးရေး လုပ်ကိုင်သူ (၂၇)ဦးအား ရန်ပုံငွေ (၁၄၆၀၀၀၀၀)၊ မွေးမြူရေးလုပ်ကိုင်သူ(၃၇) ဦးအား ရန်ပုံငွေ (၁၆၀၅၀၀၀၀)၊ ရေလုပ်ငန်းလုပ်ကိုင်သူ (၁၄)ဦးအား ရန်ပုံငွေ (၆၆၅၀၀၀၀)၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူ (၁)ဦးအား ရန်ပုံ ငွေကျပ် (၁၀၀၀၀၀) စသည့်ဖြင့် အသင်းသား၊ အသင်းသူ စုစုပေါင်း (၇၉)ဦးအား ရန်ပုံငွေကျပ် စုစုပေါင်း (၃၇၄၀၀၀၀၀) ကို ကျေးရွာအရောက် ထုတ်ချေး ပေးကြောင်း သိရှိရပါသည်။