ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ဂွမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပသော ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် Cash For Work လုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်မည့် ဆပ်သွား ကျေးရွာအုပ်စု၊ ဂျိုင်ကောက် ကျေးရွာတွင် စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း တို့ဆောင်ရွက်ခဲ့ရာ ဂွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးထွန်းလင်းကျော်မှ ပြောကြားရာတွင် အကောင်အထည် ဖော်ဆောင်ရွက်မည့် Cash For Work စီမံကိန်းသည် နိုင်ငံတော်မှ ကျပ်(၁၀)သန်း ထောက်ပံ့ပေးကာ ကျေးရွာ ကုန်ထုတ်လုပ်မှုနှင့် အခြေခံ အဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်သားအင်အား အသုံးပြုရသည့် နည်း လမ်းဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနှင့်အခြားသော ဘေးအန္တရာယ်များ၏ အကျိုးဆက်ကြောင့် လူမူစီးပွားဘဝ ထိခိုက်ခံစားရသည့် ဆင်းရဲသောကျေးလက် ဒေသရှိ ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိရေးနှင့် ကျေးရွာ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။