Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဝမ်းတွင်းမြို့နယ် တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း

30 June 22

ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာနှစ် တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဇွန်လ ၂၂ ရက်နေ့တွင် ထီးလှိုင်အုပ်စု ဇီးကုန်းကျေးရွာ၊ ရှောက်တောအုပ်စု ညံကန်ကျေးရွာနှင့် ဇွန်လ ၂၉ ရက်နေ့တွင် ဆင်ချီတိုင်အုပ်စု ရွှေကူကျေးရွာ၊ ရွှေတောင်အုပ်စု ငွေဘုံသာကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအစည်းအဝေးကို သက်ဆိုင်ရာကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          အစည်းအဝေးတွင် မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းဆောင်ရွက်ခြင်းအားဖြင့်ကျေးလက်နေပြည်သူများအကျိုးခံစားခွင့်များစွာရရှိကြောင်း၊ (VDP)စီမံကိန်း၏ အကျိုးကျေးဇူးများလိုက်နာရမည့်စည်းလမ်းများ၊ လုပ်ဆောင်ရမည့် အချက်အလက် များကို ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသောဒေသခံပြည်သူများထဲမှ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းကို ဆောင်ရွက်နိုင်ရန်အတွက် ကျေရွာဖွံ့ဖြိုးရေးကော်မတီကို ဖွဲစည်းပေးခဲ့ပြီး ကျေးရွာကော်မတီအဖွဲ့ဝင်များလုပ်ဆောင်ရမည့်အချက်များ၊ လိုက်နာရမည့်စည်းကမ်းများနှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် ကော်မတီဝင်များနှင့်  ဒေသခံပြည်သူများတက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။