Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မာန်အောင်မြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဆဌမအကြိမ် ပြန်လည်ထုတ်ချေး

28 June 22

  ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်တွင်စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်ကန့်ကော် တောကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်း လည်ပတ်ရန်ပုံငွေ   ကျပ်သိန်း ၅၁၇ ဒသမ ၉၀ ကို အဌမ အကြိမ် မြောက်ပြန်လည် ထုတ်ချေး ပေးခြင်းကို  ဇွန် ၂၇  ရက်က  မြို့နယ်  ကျေးလက်ဦးစီးဌာန  ခန်းမတွင် နေ့ချင်းပြီး  ဆပ်/ ထုတ်ချေး စနစ်ဖြင့်  ဆောင်ရွက် ပေးခဲ့ရာ မာန်အောင်မြို့နယ် ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင် က ကန့်ကော်တောကျေးရွာ   မြစိမ်းရောင်ကျေးရွာ စီမံကိန်း၏ လက်ရှိ ဆောင်ရွက်နေသော စီမံကိန်း လုပ်ငန်းစဉ်ကို တင်ပြ ရှင်းလင်းခြင်း နှင့်  လည်ပတ် ရန်ပုံငွေ ထုတ်ချေးပေးရန် ကြိုတင်ဆောင် ရွက်ထားရှိသည့် အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပြီး သတ္တမအကြိမ်မြောက် ချေးယူထားသည့်   လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၅၁၇ ဒသမ ၉၀ ကို ကျေးရွာ  မြစိမ်း ရောင် ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့က မြို့နယ်မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့သို့ လွှဲပြောင်း ပေးအပ်ပြီး မြို့နယ် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့မှ ကျေးရွာမြစိမ်းရောင် ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့သို့ ပြန်လည် လွှဲပြောင်းပေး အပ်ကာ ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့က ကိုဗစ်-၁၉ ကာကွယ်လမ်းညွှန်ချက်နှင့်အညီ အသင်းဝင်များအား ပြန်လည်ထုတ် ချေးပေးသွား မည်ဖြစ်ကြောင်းနှင့် ယခု ပြန်လည်ထုတ်ချေး ပေးသည့်စီမံကိန်း ရန်ပုံငွေကျပ်သိန်း ၅၁၇ ဒသမ ၉၀ ကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းဆောင်ရွက်မည့် အသင်း ဝင် (၉၂) ဦး ကို ပြန်လည်ထုတ်ချေးမည်ဖြစ်ကြောင်း သိရှိရပါသည်။