Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မာန်အောင်မြို့နယ်၌ မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီသစ် ရွေးချယ်ဖွဲ့စည်း

03 June 22

        ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မာန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကံ့ကော်တောကျေးရွာအုပ်စု၊ ဖက်ယားကျေးရွာနှင့်  ပန်းဖဲ ကျေးရွာအုပ်စု၊ မကျည်းကုန်းကျေးရွာနှစ်ရွာသို့ ဇွန် ၁ ရက်တွင် မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်ခဲ့ရာ အဆိုပါ ကျေးရွာ (၂)ရွာ၌ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးမောင်မောင်လွင် နှင့်စီမံကိန်း တာဝန်ကျ ဝန်ထမ်းများက စီမံကိန်း မိတ်ဆက် ရှင်းလင်းပြီး   ကျေးရွာသူ ကျေးရွာသား များ၏ ဆန္ဒမဲစနစ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျေးရွာ ကော်မတီကို ရွေးချယ် ပေးခဲ့ကြပြီး ယခု အကောင်အထည်ဖော် ဆောင်ရွက်မည့်   မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတွက် ကျေးရွာ တစ်ရွာ လျှင်နိုင်ငံတော်မှ ငွေကျပ်သိန်းသုံးရာ မတည်ပေးမည်ဖြစ်ရာ   ကျေးရွာသူ  ကျေးရွာသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကြောင့် မိသားစု ဝင်ငွေ တိုးပွားလာနိုင်ပြီး  ကျေးလက်ဒေသရှိ ဆင်းရဲမှုကို လျော့ချသွားနိုင်မည် ဖြစ်ကြောင်းနှင့်မာန် အောင်မြို့နယ်တွင် မြစိမ်းရောင် ကျေးရွာ စီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့်ကျေးရွာနှစ်ရွာအပါအဝင် စီမံကိန်းကျေး ရွာ ၃၆ ရွာထိ ရှိလာပြီ ဖြစ်သဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေပြီး အခြေခံ အ‌ဆောက်အဦများလည်းတိုး တက်ပြည့်စုံလာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။