သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ-၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ် နိုင်ငံတော် ထောက်ပံ့ ရန်ပုံငွေဖြင့်အကောင်အထည်ဖော်ဆောင်ရွက်မည့်၊ကျေးရွာဖွံ့ဖြိုးလုပ်ငန်းစီမံကိန်း ( V D P ) ကျေးရွာများ ဖြစ်သော ကျီတော်ကုန်းကျေးရွာ၊ ဇီးပင်ကုန်းကျေးရွာ၊ စားကျက်ကလေးကျေးရွာ၊ ထီးကုန်းကျေးရွာများ ကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ (၄) ရွာအား (၂၈.၆.၂၀၂၂ ) ရက်နေ့က ကျီတော်ကုန်းကျေးရွာနှင့် ဇီးပင်ကုန်းကျေးရွာတို့ကို စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ - ဒေါ်မြမြဝင်းက စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာစိတ်ဓါတ် (Villaget-Spirt) အချက်(၅) ချက်ကို ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လိုက်နာ ဆောင်ရွက်သွားရန်ပြော ကြားခဲ့ပါသည်။
ဆက်လက်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း ကော်မတီဖွဲ့စည်းခြင်းနှင့် သင်တန်းသား/ သူ ရွေးချယ်ခြင်းကို စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုယ်ဗစ် ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက် ပေးခဲ့ကြောင်း စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး-ဦးနိုင်အောင်စိုး ထံမှသိရှိရပါသည်။