Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စဉ့်ကူးမြို့နယ် မိုးကောင်းကြီးကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေးခြင်း

27 June 22

   

စဉ့်ကူး ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇

 

                                  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန           ၊မန္တလေးတိုင်းဒေသကြီး၊      ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက     ၂၀၂၂ - ၂၀၂၃  ခု         ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက် ငွေလုံးငွေရင်း  ရန်ပုံငွေဖြင့်  ရွှေပြည်သစ္စာ ကုမ္ပဏီ    မှ     တင်ဒါအောင်မြင်ပြီး တာဝန်ယူ   ဆောင်ရွက်နေသော    မိုးကောင်းကြီးကျေးရွာ    ကုန်ထုတ်လမ်း    ဆောင်ရွက်နေမှု   အား (၂၇.၆.၂၀၂၂  )ရက်နေ့က စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   မြို့နယ်ဦးစီးမှူး-ဦးနိုင်အောင်စိုး နှင့် အင်ဂျင်နီယာ   ဝန်ထမ်းများမှ   ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

                              အဆိုပါ မိုးကောင်းကြီးကျေးရွာ ကုန်ထုတ်လမ်းပြီးစီးပါက ဒေသခံတောင်သူများ၏ စိုက်ပျိုးသီး နှံများ စျေးကွက်သို့  ရောင်းချနိုင်ရေးအတွက်  အချိန်မှီ တင်ပို့ သယ်ဆောင်နိုင်မည်ဖြစ်ပြီး   ရာသီမရွေး တောင်သူများ၏    စိုက်ပျိုးမြေဧက    (၁၂၅၀)      ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း      စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး -ဦးနိုင်အောင်စိုး ထံမှ   သိရှိရပါသည်။

ဝင်းဘို

အကြီးတန်းစာရေး

စဉ့်ကူးကျေးလက်