Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုင်းတုံမြို့နယ်၊ဟွေအောကျေးရွာ၌ ကျေးလက်ရေရရှိမှုလုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး "

28 June 22

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဟွေအောကျေးရွာရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ကျေးလက်ရေရရှိရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက အဆိုပါကျေးရွာသို့ ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်နှင့်တာဝန်ရှိသူများသည် ဟွေအောကျေးရွာရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်ယူခြင်း (၃/၀) မိုင်နှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ရေပေးရေးကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

          ဟွေအောကျေးရွာတွင် စိမ့်စမ်းရေသွယ်ယူခြင်းနှင့်ဆက်စပ်လုပ်ငန်းများကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ် ၅၉ ဒဿမ ၉၉၄ သန်းဖြင့် တင်ဒါအောင်မြင်သော ရွှေလင်းထိန်(A.M.H)ကုမ္ပဏီ မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အကျိုးပြုအိမ်ခြေ ၁၀၃ အိမ်၊ လူဦးရေ ၄၈၀ ဦးတို့ အတွက်သန့်ရှင်းသော သောက်ရေ၊သုံးရေများ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း မိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက် ထံမှသိရသည်။