Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကန်သာအုပ်စု၊ ရိုးကန်ကျေးရွာသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် ချေးငွေထုတ်ချေးပြီးစီးခြင်း

22 June 22

မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကန်သာကျေးရွာအုပ်စု၊ ရိုးကန်ကျေးရွာအား  မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားအား (၂၀-၆-၂၀၂၂)ရက်နေ့တွင် မိတ္ထီလာခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။

                   အဆိုပါ စီမံကိန်းရန်ပုံငွေလွှဲပြောင်းခြင်း အခမ်းအနားအား မိတ္ထီလာခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)၊ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့နှင့် ရိုးကန်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာလုပ်ငန်းအဖွဲ့တို့ တက်ရောက်ကြောင်းသိရှိရပါသည်။

                   ထို့နောက် မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ရိုးကန်ကျေးရွာသို့ (၂၁-၆-၂၀၂၂) ရက်နေ့ တွင် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ကျေးရွာအရောက် ချေးငွေများထုတ်ချေးခဲ့ကြောင်းသိရှိရပါသည်။