Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆိပ်ဖြူမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေး(VDP)စီမံချက်ရေးဆွဲနည်းနှင့် (AVlP)သင်တန်းဖွင့်လှစ်ပို့ချ

28 June 22

ဆိပ်ဖြူ ၊ ဇွန် ၂၈
   မကွေးတိုင်းဒေသကြီး ၊ပခုက္ကူခရိုင်၊ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အ ထည်ဖော်ဆောင်ရွက်ရာ၌ စွမ်းဆောင်
ရည်မြှင့်မားလာစေရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနည်းနှင့် စီမံကိန်းရန်ပုံငွေသုံးစွဲရေးအစီအ
စဥ်(VDP)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်၁၀ နာရီအချိန်က ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပခဲ့ကြောင်း သိရသည်။
   ရှေးဦးစွာ  ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင် က သင်တန်းဖွင့်လှစ်သင်ကြားပို့ချရခြင်း၏ ရည် ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
   ထို့နောက် (VDP)စီမံကိန်းတာဝန်ခံဝန်ထမ်းများက သင်တန်းတွင်သင် ကြားပို့ချပေးမည့် သင်ခန်းစာဘာသာ ရပ်များ၊ကျေးရွာရှိ ကဏ္ဍာအသီးသီးတွင်လက်ရှိဖွံ့ဖြိုးရေးအခြေအနေများ၊
ကျေးရွာလူထုဗဟိုပြုလူမှုစီး ပွားဘဝဆန်းစစ်ခြင်းလုပ်ငန်းစဥ်များ၊ကျေး ရွာ၏လူမှုဖွံ့ဖြိုးရေးအချက်အလက်များ၊စီမံကိန်းရန်ပုံငွေသုံးစွဲရေးအစီအ
စဥ်များနှင့် ပတ်သက်သည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားသည်။
    အဆိုပါသင်တန်းကို ဆိပ်ဖြူမြို့နယ်အတွင်း ၂၀၂၂ - ၂၀၂၃ ခုဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစီမံကိန်း(VDP) အကောင်အထည် ဖော်ဆောင်ရွက်မည့် ချောင်းမကြီးအရှေ့ကျေးရွာနှင့် ချောင်းမကြီးအ နောက်ကျေးရွာ တို့မှ စီမံကိန်း ကော်မ တီဝင်များ တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ် ငန်းစီမံချက်ရေးဆွဲနည်းနှင့်စီမံကိန်းရန်ပုံငွေသုံးစွဲရေးအစီအစဥ် စသည့်သင်ခန်းစာများကို (VDP)စီမံကိန်းတာ ဝန်ခံဝန်ထမ်းများက ဇွန် ၂၈ရက်မှ ဇူလိုင် ၂ ရက်နေ့ထိ  (၅)ရက်ကြာ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်ဦးစီးမှူးဦးရဲမင်းအောင် ကပြောပြ၍  သိရသည်။
                                                      နွဲ့ယဥ်