Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း(VDP)စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းသတင်းပါရှိခြင်း

28 June 22

ကျောက်ဆည် ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင် အထည်ဖော်ဆောင်ရွက်မည့် သရက်ပင်ကျေးရွာ၌ စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ကို ဇွန်လ (၂၅)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီး မှူး ဒေါ်သင်းသင်းအေးမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များနှင့် ကျေးရွာကော်မတီဖွဲ့စည်းရာတွင် လိုက်နာရ မည့် စည်းကမ်းသတ်မှတ်ချက်များနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသောကျေးရွာရပ်မိ၊ရပ်ဖများ ကျေးရွာသူ/သားများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စီမံကိန်းကော်မတီဝင်(၇)ဦးကို အများသဘောဆန္ဒနှင့်အညီရွေးချယ်ဖွဲ့စည်းခဲ့သည်။

ကျောက်ဆည်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ကို သရက်ပင်ကျေးရွာအပါအဝင် မြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာ၌ စီမံကိန်းပံ့ပိုးရန်ပုံငွေ ကျပ်သိန်း(၁၂၀၀)၊ ကျေးရွာပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာပြည်သူများ ကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

                                                                                                မျိုးသန်းညွန့်