ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Covid-19ရောဂါကုသမှုအစီအစဉ်အရ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားထိခိုက်မှုကို တုံ့ပြန်ကုစားမှုအ နေဖြင့် ယခုဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် Cash For Work စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် မည့် ညီညာသာလင်းကျေးရွာနှင့် နို့စောကျေးရွာတို့၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ကော်မတီဖွဲ့စည်း ခြင်းကို ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများ၏ ကျေးရွာခန်းမဆောင်နှင့် ကျေးရွာတွင်း ဘုန်းဆော်ကြီးကျောင်း၌ Covid စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ကော့ကရိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ဦးစီးမှူးဦးစောဆားဒေါက် ဖော့မှ Cash For Work စီမံကိန်း အကောင်အထည်ဖော်ရသည့် ရည်ရွယ်ချက်လုပ်ငန်းစဉ်များ စီမံကိန်းရွေးချယ်ရမည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။ထို့နောက် တက်ရောက်လာကြသော ရပ်မိရပ်ဖများ ရွာသူရွာသားများက Cash For Work စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကျေးရွာကော်မတီ ၇ ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းခဲ့ပြီး အဆိုပါကျေးရွာတို့၌ Cash For Work စီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် ကျေး ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ကျေးရွာသူကျေးရွာသားများက ရွေးချယ်အတည်ပြုခဲ့ပြီး
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာ သားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။