Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သာစည်မြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်

27 June 22

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ငှက်ကြီးသိုက်ကျေးရွာအုပ်စု သံပွေ့ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုး က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း သဘောသဘာဝ၊ ရည်ရွယ်ချက်၊ မူဝါဒနှင့် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြ သော ဒေသခံပြည်သူများ၏ တူညီဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင် အမျိုးသား ခြောက်ဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်းကိုးဦးကို ရွေးချယ်အတည်ပြုပေးသည်။

          သာစည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ယင်းစီမံကိန်းကို ငှက်ကြီးကျေးရွာအုပ်စု၊ သံပွေ့ကျေးရွာအပါအဝင် ကုက္ကိုကန်ကျေးရွာအုပ်စု၊ သက်သော့ကျေးရွာ၊ အုတ်ဖိုကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာ၊ ဇီးပင်ပေါက်ကျေးရွာအုပ်စု၊ ဇီးပင်ပေါက်ကျေးရွာ၊ ညောင်ရမ်းဈေးကျေးရွာအုပ် စု၊ ပျော်ကုန်းကျေးရွာ၊ ကြက်‌မောက်ကျေးရွာအုပ်စု၊ ချမ်းသာကြီးကျေးရွာ၊ ရွာမွန်သာကျေးရွာ အုပ်စု၊ ရွာမွန်သာကျေးရွာတို့၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် စီမံကိန်းရန်ပုံ ငွေကျပ် သိန်း ၁၀၀ ၊ ကျေးရွာလူထုထည့်ဝင်ငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်စိုးထံမှ သိရသည်။