Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ကော့ဒါန်းမယ် မြစိမ်းရောင်လုပ်ငန်းအဖွဲ့များတွေ့ဆုံ "

26 June 22

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော ကော့ဒါန်းမယ်ကျေးရွာရှိ မြစိမ်းရောင်လုပ်ငန်းအဖွဲ့များကျေးရွာ ရပ်မိရပ်ဖများနှင့်တွေ့ဆုံခြင်းအခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့နေလယ်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။
​ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက "အဆိုပါကျေးရွာကိုလာရောက်ရတာဟာ ကျေးရွာဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးရွာ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်တာဖြစ်ကြောင်း၊ လိုအပ်ချက်များရှိပါက တင်ပြတောင်းခံနိုင်ကြောင်း " အဖွင့်အမှာစကားတွင်ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်က ကော့ဒါန်းမယ် မြစိမ်းရောင်စီမံကိန်းကျေးရွာနှင့်ပတ်သက်၍ရှင်းလင်းတင်ပြီး ကျေးရွာ ရပ်မိရပ်ဖတစ်ဦးမှ ကျေးရွာ၏လိုအပ်ချက်များအား တင်ပြတောင်းခံခဲ့မှု အပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးကျေးရွာရပ်မိရပ်ဖများဖြင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ၊ ကျေးလက်၊သမ၊အသေးစား၊ ကျေးလက်လမ်း ဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။