Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ် ပျိုးခင်းကုန်းကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းပြုလုပ်

27 June 22

စလင်း ဇွန် ၂၇

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာလူထုကိုယ်တိုင်ပူးပေါင်းဆောင်ရွက်ခြင်းနည်းဖြင့် ကျေးရွာများ၏ ပကတိလိုအပ်ချက်များအား ဖော်ထုတ်ပြီးဖွံ့ဖြိုးရေးအစီအစဥ်များ ရေးဆွဲရန် ရည်ရွယ်ချက်ဖြင့် ပျိုးခင်းကုန်းကျေးရွာအုပ်စု၊ ပျိုးခင်းကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကော်မတီဖွဲ့စည်းခြင်းကို တာဝန်ရှိသူများက ဇွန် ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါကျေးရွာ စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စလင်းမြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်း၏ သဘောသဘာဝ၊ စီမံကိန်းလက်စွဲပါဆောင်ရွက်ရန်အချက်များနှင့် အခြေခံရမည့်မူများ၊ ကျေးရွာဖွံ့ဖြိုးရေးတိုးတက်ရေးလုပ်ငန်းရွေးချယ်ရာတွင် လိုက်နာရန်အချက်များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများ၏ တာဝန်များ၊ စီမံကိန်းတွင် အကျုံးဝင်သောလုပ်ငန်းနှင့် အကျုံးမဝင်သောလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာသူကျေးရွာသားများ၏ အများသဘောဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ကိုးဦးကို ရွေးချယ်ခဲ့ကြောင်းသိရသည်။

စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ်တွင် စလင်းမြို့နယ်အတွင်းရှိ ကျပင်း(မ)ကျေးရွာ၊ တောင်ဘိုရွာသစ်ကျေးရွာ၊ ကူတို(တ)ကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ သရက်ချဥ်ကျေးရွာ၊ အရာတော်ကျေးရွာ၊ ပျိုးခင်းကုန်းကျေးရွာ၊ ရေစမ်းကုန်းကျေးရွာ၊ ပေါက်ကျင်းကျေးရွာ၊ ပေါင်လောင်ကျေးရွာ၊ ခေါင်းကူးကျေးရွာ၊ ဒါးဆွယ်ကန်ကျေးရွာ၊ ကန်တိုင်ကွေ့ကျေးရွာနှင့် ပိန္နဲပင်ကျေးရွာတို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စလင်းမြို့နယ် ဦးစီးမှူး ဦးစိုးခိုင်ထံမှ သိရသည်။

အထွေး