ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေး နှစ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၃၂၅ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါစီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ၃၂၅ရွာတို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတစ်ရွာ၏ လိုအပ်ချက်နှင့် အခွင့်အလမ်းများအပေါ် အခြေခံရေးဆွဲထားသည့်လုပ်ငန်းများ၊ ကျေးရွာပြည်သူလူထုကိုယ်တိုင်ကျေးရွာ၏ ပကတိလိုအပ်ချက်များ ဖော်ထုတ်ပြီး ကဏ္ဍာအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်းကာ ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ် တစ်ရပ်ဖြစ်ပေါ်လာစေရန် ဆောင်ရွက်မည့်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ပြောသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ ကျေးရွာများ ရွေးချယ်ဆောင်ရွက်ပြီးဖြစ်ရာ ယခုအခါ ကျေးရွာ အတည်ပြုလျက်ရရှိပြီးဖြစ်သောကြောင့် ကျေးရွာစီမံကိန်းကော်မတီများဖွဲ့စည်းခြင်း၊ သင်တန်းပေး ခြင်း၊ စီမံချက်များရေးဆွဲခြင်း၊ ဦးစားပေးလုပ်ငန်းများ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်း အဆိုပါဦးစီးဌာနထံမှ သိရသည်။