Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ညောင်ပင်ကုန်းကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေး

07 October 23

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌနက ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေဖြင့် ညောင်ပင်ကုန်း ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

 ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မေနှင်းဦးနှင့်တာဝန်ရှိသူများက ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဝင် များနှင့် အတူ ညောင်ပင်ကုန်းကျေးရွာ ၌ ရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စက် တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ရိုင်ဦးစီးမှူးက ကျေးရွာစီမံကိန်း ကော်မတီဝင်များအနေဖြင့် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး၊ ဆောင်ရွက်ပြီးရေသန့်စင်စက်ကို ရေရှည်အသုံးပြုနိုင်‌ရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားပါသည်။

ညောင်ပင်ကုန်းကျေးရွာ၌ အရှည်‌ပေ ၆၀၀၊ အကျယ် ၁၂လက်မ၊ အမြင့်‌ခြောက်လက်မရှိ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စက် တပ်ဆင်ခြင်း လုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေ ကျပ်သိန်း၁၅၀၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေ ကျပ်သိန်း၄၀ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် ဩဂုတ်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်းမှာ ၈၀ ရာခိုင်နှုန်းကျော် ၊ရေသန့်စင်စက် တပ်ဆင်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီး ဖြစ်ကြောင်းသိရသည်။ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ညောင်ပင်ကုန်းကျေးရွာရှိ ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်၍ ရာသီမရွေး သောက်သုံးရေ အခက်အခဲ အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။