Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ချောင်းဆုံမြို့နယ် ကရင်ဝင်းစိန်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး

13 October 23

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းထောက်ပံ့ငွေဖြင့် ကရင်ဝင်းစိန်ကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ‌‌ေဆာင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မွန်ပြည်နယ်ကျေးလက်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဒေါ်ခင်စန်းယု၊ မော်လမြိုင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦး၊  ချောင်းဆုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမော် နှင့် ဝန်ထမ်းများက ကရင်ဝင်းစိန်ကျေးရွာ၌  ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးနေမှုအခြေအနေများကို ကြည့်ရှစစ်ဆေးပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီများနှင့် တွေ့ဆုံကာလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။ ကရင်ဝင်းစိန်ကျေးရွာ ကွန်ကရစ်လမ်းအရှည်ပေ ၅၀၀ ၊ အကျယ် ၁၀ ပေ ၊ ဒု ၆လက်မခင်းခြင်းနင့်  ကွန်ကရစ်လမ်းအရှည်ပေ ၈၅ ၊ အကျယ် ၈ ပေ ၊ ဒု ၆လက်မခင်းခြင်း လုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀ ဖြင့် ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ ပထမပတ် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး၏ ၁၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပါက ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာပြီး ကျေးရွာမှထွက်ရှိလာသော ထုတ်ကုန် ထွက်ကုန်များအား စျေးကွက်သို့ အချိန်နှင့် တပြေးညီ ပေးပို့နိုင်တော့မည်ဖြစ်ကြောင်း  မြို့နယ်ဦးစီးမှူး ထံမှသိရသည်။