Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ကုန်ထုတ်တံတားတည်ဆောက်နေမှုကွင်းဆင်းစစ်ဆေး

12 October 23

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် လွယ်ငင်းကျေးရွာ၌ ယခုဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုငွေကျပ် ၁၉.၆သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ ကုန်ထုတ်တံတားတည်ဆောက်နေမှုအခြေအနေများကို ဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တန့်ယန်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဦးတင်အောင်လွင်နှင့်မြို့နယ်တာဝန်ခံ အင်ဂျင်နီယာဝန်ထမ်းများက သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာလမ်း ကော်မတီဝင်များနှင့်အတူ လွယ်ငင်းကျေးရွာ ကျေးလက်ကုန်ထုတ်တံတားတည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားသည်။

အဆိုပါလွယ်ငင်းကျေးရွာ ကျေးလက်ကုန်ထုတ်တံတားသည် အရှည်၁၄ပေ၊ အကျယ်၁၈ပေ၊ အမြင့်၉ပေရှိပြီးပြည်ထောင်စုခွင့်ပြုငွေ ငွေကျပ် ၁၉.၆သန်း တင်ဒါအောင်မြင့်သည့် ကုမ္ပဏီက စက်တင်ဘာလ ပထမပတ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၀ရာခိုင်နှုန်းခန့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပါသည်။

အဆိုပါလွယ်ငင်းကျေးရွာ ကျေးလက်ကုန်ထုတ်တံတား တည်ဆောက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၈၃အိမ် လူဦးရေ ၃၈၈ဦးတို့၏ စိုက်ပျိုးမြေ ၈၇ဧကကျော်အတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။