အင်္ဂပူ အောက်တိုဘာ ၅
အင်္ဂပူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်၁၀နာရီ အချိန်က အင်္ဂပူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ရှေးဦးစွာ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်မိုးမှ သင်တန်းသားများအနေဖြင့် သင်ကြားပို့ချပေးခဲ့သော ဘာသာရပ်များကို လက်တွေ့အသုံးချပြီးမိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ တစ်ဖက်တစ်လမ်းက ဆောင်ရွက်သွားစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ အင်္ဂပူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇေမင်းမင်းမှ ယခု သင်တန်းဆင်းသွားပြီဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် မိမိတတ်ကျွမ်းသည့် ပညာရပ်ကို လက်တွေ့အသုံး ချပြီး ကိုယ်ပိုင်ဆိုင်ဖွင့်လှစ်နိုင်ရန်အထိ ကြိုးစားသွားရန် လိုအပ်ပါကြောင်းနှင့် မိသားစုဝင်ငွေတိုးပွားစေရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ဟင်္သာတမြို့)မှ ဆရာများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ကျေးရွာ (၁၂)ရွာမှ သင်တန်းသား(၃၀)ဦးမှ တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။