Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပြင်ဦးလွင်မြို့ ကြီးကိုင်ကျေးရွာတွင် (VDP) ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

11 October 23

ပြင်ဦးလွင်မြို့ ကြီးကိုင်ကျေးရွာတွင် (VDP)

 ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

ပြင်ဦးလွင်  အောက်တိုဘာ ၁၁                  

          ပြင်ဦးလွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇေယျာညို၊ ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထိုက်၊  ခရိုင်နှင့် မြို့နယ်ရှိ တာဝန်ခံအင်ဂျင်နီယာများမှ  ပြင်ဦးလွင်မြို့နယ် အင်းယားကျေးရွာအုပ်စု၊ ကြီးကိုင်ကျေးရွာတွင် စာသင်ကျောင်းဝန်းအတွင်း Steel Structure (၁၅'×၁၀'×၁၁') တည်ဆောက်ခြင်းနှင့် 250 Liter/hr ရေသန့်စင်စက် တပ်ဆင်ခြင်းလုပ်ငန်းအား ကွင်းဆင်းခြင်း အောက်တိုဘာ(၁၁) ရက်နေ့တွင်  သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ရန်ပုံငွေဖြင့်   အင်းယား ကျေးရွာအုပ်စု၊ ကြီးကိုင်ကျေးရွာတွင်စီမံကိန်းထောက်ပံ့ငွေ(၁.၅)သန်း၊ ပြည်သူ့ထည့်ဝင် ငွေ(၀.၁၅) သန်း စုစုပေါင်း(၁.၆၅)သန်းဖြင့် စာသင်ကျောင်းဝန်းအတွင်း Steel Structure(၁၅'×၁၀'×၁၁') တည်ဆောက် ခြင်းနှင့် 250 Liter/hr ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်ဦးစီးမှူး ဦးဇေယျာညိုမှ လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး သတ်မှတ်စံညွှန်းများ နှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။