မောင်းမဆည်ကျေးရွာ၌ မြစိမ်းရောင်(ဆီထွက်သီးနှံ)စီမံကိန်း ရန်ပုံငွေထုတ်ချေးဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
သာစည် အောက်ဆိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်တွင်စတင် အကောင်အထည်ဖော် ဆောင် ရွက်သည့် ကန်ရှည်ကျေးရွာအုပ်စု၊ မောင်းမဆည်ကျေးရွာ၌ မြစိမ်းရောင် (ဆီထွက်သီးနှံ) စီမံကိန်း အပ်/ထုတ်ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းအချိန်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တိုးတိုးစိန်နှင့်အဖွဲ့မှ ကန်ရှည်ကျေးရွာအုပ်စု၊ မောင်းမဆည်ကျေးရွာ၌ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်(ဆီထွက်သီးနှံ) စီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာ ရေးနှစ်တွင် ဒုတိယအကြိမ် မြစိမ်းရောင်(ဆီထွက်သီးနှံ)စီမံကိန်း လည်ပတ်ဆောင် ရွက်ရာတွင် နေကြာ စိုက်တောင်သူ(၇၅)ဦး ထုတ်ချေးငွေကျပ်(၂၀၉)သိန်းဖြင့် အပ်/ ထုတ် ဆောင်ရွက် ပြီးစီးမှုအား ကွင်းဆင်းကြီးကြပ်ခဲ့ပြီး စီမံကိန်းနှင့်ပတ်သက်၍ လိုအပ်သည်များမှာကြား ခဲ့ပါသည်။