မြင်းခြံမြို့နယ် ရွာစည်(တ)ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်ဆောင်ရွက်သည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
မြင်းခြံ အောက်တိုဘာ ၁၁
မြင်းခြံခရိုင်ကွပ်ကဲမှုအောက်ရှိ မြင်းခြံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင် အထည်ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရွာစည်ကျေးရွာအုပ်စု၊ ရွာစည်(တ)ကျေးရွာကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံ ကိန်း ကွန်ကရစ် လမ်းခင်းနေခြင်းကို ယနေ့နံနက်ပိုင်းအချိန်ကသွားရောက် ကွင်းဆင်းခဲ့ ကြောင်းသိရသည်။
ရှေးဉီးစွာ မြင်းခြံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန မြိုနယ်တာဝန်ခံ အင်ဂျင်နီယာ ဒေါ်နှင်းယုလွင်နှင့်စီမံကိန်းတာဝန်ခံတို့က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အရှည်ပေ၅၆၀၊ အကျယ်၁၂ပေ၊ ၆လက်မထုရှိကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ကြည့်ရှု့ စစ်ဆေးပြီးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မှီပြီးစီးရေး ရှင်းလင်း ပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသော ဉီးစီးအရာရှိအင်ဂျင်နီယာတာဝန်ခံနှင့်တာဝန်ခံဝန်ထမ်းများ ကျေးရွာကော်မတီဝင်များ နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရပါသည်။
ဆက်လက်၍ မြင်းခြံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနမှဒေါ်နှင်းယုလွင် (ဉီးစီးအရာရှိ-နည်းပညာ)နှင့် ဒေါ်သက်ဝါခိုင်တို့မှ ကွန်ကရစ်လမ်းခင်းနေမှုအား သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ အချိန်မှီပြီးစီးရေးပြောကြားပါသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ခွင့်ပြုငွေငွေကျပ် (၁၅.၀၀)ကျပ်သန်း၊ကျေးရွာပြည်သူထည့်ဝင် ငွေကျပ် (၅.၃၂)ကျပ်သန်း ၊ စုစုပေါင်းငွေကျပ် (၂၀.၃၂)ကျပ်သန်းဖြင့် မြင်းခြံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဉီးစီးဌာန မြို့နယ်အင်ဂျင်နီယာတာဝန်ခံ ဒေါ်နှင်းယုလွင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်း များက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာ လက်ရှိတွင်လုပ်ငန်း(၄၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ပါ ကြောင်း လုပ်ငန်းများဆောင်ရွက်ပြီး စီးပါက ရွာစည်(တ)ကျေးရွာအိမ်ခြေ (၂၇၄)အိမ်၊ လူဉီးရေ(၂၇၅)ဉီး တို့အတွက်အကျိုးပြုနိုင်မည်ဖြစ် ကြောင်းသိရပါသည်။