Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တံတားဦးမြို့နယ် သာများဘကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေထုတ်ချေး

11 October 23

တံတားဦးမြို့နယ် သာများဘကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေထုတ်ချေး

 

တံတားဦး အောက်တိုဘာ ၁၁

                                                                    မန္တလေးတိုင်းဒေသကြီး၊တံတားဦးခရိုင်၊တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သာများဘကျေးရွာ၌ ဒုတိယအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၍ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

          ရှေးဦးစွာ တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချောယဉ်စုက မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေထုတ်ချေးရခြင်း၏ ရည်ရွယ် ချက်များ အကျိုးကျေးဇူးများ၊ အတိုးဆပ်ကာလ၊ အရင်းဆပ်ကာလနှင့်အတိုးနှုန်း သတ်မှတ်ချက် များ၊ ဆီထွက်သီးနှံစိုက်ပျိုးသော စီမံကိန်းအသင်းဝင်တောင်သူများ လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေကျပ်(၁၀၈၅၀၀၀၀) ကို သာများဘကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

          တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ ၏ ကြီးကြပ်မှုဖြင့် သာများဘကျေးရွာမြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိ ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူ (၅၄) ဦး ငွေ ကျပ် (၁၀၈၅၀၀၀၀) ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။