သပိတ်ကျင်းမြို့ကျေးလက်ရုံး ၌ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ
သပိတ်ကျင်း အောက်တိုဘာ ၁၁
သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း အခမ်းအနားဆင်းပွဲကို ယနေ့ နံနက်၁၀နာရီ အချိန်က သပိတ်ကျင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သပိတ်ကျင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းဇေဇေဦး က သင်တန်းသူ များအနေဖြင့် သင်ကြားပို့ချပေးခဲ့သော ဘာသာရပ်များကို လက်တွေ့အသုံးချပြီး မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းက ဆောင်ရွက်သွားစေလိုပါကြောင်း အဖွင့်စကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စိုး က ယခု သင်တန်း ဆင်းသွားပြီ ဖြစ်သည့်အတွက်ကြောင့် သင်တန်းသူများအနေဖြင့် မိမိ၏တတ်ကျွမ်းသည့်ပညာရပ်ကို လက်တွေ့အသုံးချပြီး ကိုယ်ပိုင် ဆိုင်ဖွင့်လှစ်နိုင်ရန်အထိ ကြိုးစားသွားရန်လိုအပ်ပါကြောင်းနှင့် မိသားစုဝင်ငွေတိုးပွားစေရေးလုပ်ငန်းများကို အဓိက ထားဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်ဦးစီးမှူး ဒေါ်စိုး နှင့် ဌာနဆိုင်ရာများမှ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် ဆုရရှိသော သင်တန်းသူ(၃)ဦးအား ဂုဏ်ပြုဆု များ ချီးမြှင့်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ၊ မြို့နယ်ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများ ၊ မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ၊ မြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာမှ သင်တန်းသူ (၁၀) ဦး တို့မှ တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။