မြစ်သားမြို့နယ် မိုင်းလမ်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)
လုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
မြစ်သား အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ လူထုဗဟိုပြုချဉ်းကပ်နည်းလမ်းဖြင့် ကျေးရွာသူ/သားများကိုယ်တိုင်ပါဝင်အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မိုင်းလမ်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ကျေးလက်မှ ဒေါ်ခိုင်ရွှေဝင်း ဦးစီးအရာရှိ (နည်းပညာ) နှင့် စီမံကိန်းတာဝန်ခံတို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဒေါ်ခိုင်ရွှေဝင်း ဦးစီးအရာရှိ (နည်းပညာ)၊ စီမံကိန်းတာဝန်ခံတို့မှ မိုင်းလမ်းကျေးရွာရှိလုပ်ငန်း ကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်း ကွန်ကရစ်လမ်းအကျယ်ပေ(၁၂ ပေ၊ထု ၆"နှင့် အရှည် ပေ ၇၀၀) ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ သတ်မှတ် ကာလအတွင်း လုပ်ငန်းများ အချိန်မီ ပြီးပြတ်အောင် လုပ်ငန်းအရည်အသွေးများပြည့်မီအောင် ဆောင်ရွက်ကြရန်နှင့် ဦးစီးအရာရှိ (နည်းပညာ) မှ လိုအပ်သည့် နည်းပညာများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ် တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ(၁၅.၀၀)သန်း၊ မိုင်းလမ်းကျေးရွာပြည်သူထည့်ဝင်ငွေ (၃.၀၀)သန်း စုစုပေါင်း (၁၈.၀၀) ဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း (၇၀၀'×၁၂'×၆") ၊ခန့်မှန်းကုန်ကျငွေ (၁၅.၀၀) သန်း နှင့် ဆိုလာစနစ်သုံး ရေသန့်စင်စက် တည်ဆောက်ခြင်းလုပ်ငန်းအား ခန့်မှန်း ကုန်ကျငွေ (၃.၀၀)သန်း တို့ဖြင့် လုပ်ငန်း(၂)၊စုစုပေါင်း ခန့်မှန်းကုန်ကျငွေ(၁၈.၀)သန်းတို့ဖြစ်ပြီး စက်တင်ဘာ လ ဒုတိယအပတ် မှ စတင်၍ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်း များ 10၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက မိုင်းလမ်း ကျေးရွာ ရှိ အိမ်ခြေ(၈၆)၊လူဦးရေ(၃၂၁)ဦးမှာ ရာသီမရွေး သွားလာနိုင်မည်ဖြစ်ကြောင်း မြစ်သားမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ(နည်းပညာ) ပြောပြ၍ သိရသည်။