Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရမည်းသင်းမြို့နယ် ထီးလှိုင်ကျေးရွာ၌ စက်ရေတွင်းတူးဖော်နိုင်ရန် ကွင်းဆင်းစစ်ဆေး

11 October 23

ရမည်းသင်းမြို့နယ် ထီးလှိုင်ကျေးရွာ၌ စက်ရေတွင်းတူးဖော်နိုင်ရန် ကွင်းဆင်းစစ်ဆေး

 

ရမည်းသင်း အောက်တိုဘာ ၁၁

 

          မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်တွင် ရမည်းသင်းမြို့နယ်ထီးလှိုင်ကျေးရွာ၌ စက်ရေတွင်းတူးဖော် နိုင်ရန် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဆန်းနှင့် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မြေအောက်ရေတိုင်းတာရေးတာဝန်ခံများက ကျေးရွာရေရရှိရေးကော်မတီဝင် များနှင့်အတူ ထီးလှိုင်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ဆောင်ရွက်နိုင်ရေးအတွက် မြေအောက်ရေ အောင်းလွှာတည်ရှိမည့်နေရာကို Geophysical Survey ဖြင့် စစ်ဆေးတိုင်းတာပြီး ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဆန်းက စက်ရေတွင်း တူးဖော်နိုင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ မှာကြားသည်။

          ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထီးလှိုင်ကျေးရွာ၌ သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် စက်ရေတွင်းတူးဖော်ပေးသွားမည်ဖြစ်ကြောင်း စက်ရေတွင်း တူးဖော်ရာတွင် လွယ်ကူလျှင်မြန်စွာ တူးဖော်ပေးနိုင်ရေးအတွက် မြေအောက်ရေအောင်းလွှာ တည်ရှိ မည့်နေရာကိုသိရှိနိုင်ရန် Geophysical Survey တိုင်းတာမှုများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရမည်းသင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဆန်းက ပြောပြ၍ သိရသည်။