Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

“ရမ်းဗြဲမြို့နယ်၊ သလူပြိန်ကျေးရွာ၌ သတ္တမအကြိမ်မြောက်မြစိမ်းရောင်ချေးငွေများထုတ်ချေးပေးခြင်း”

11 October 23

ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝက်ကိုက်ချောင်းအုပ်စု၊ သလူပြိန်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ စီမံကိန်းကာလ(၆) နှစ် ပြည့်မြောက်သည့်အချိန်တွင် မြစိမ်းရောင် မတည်ရန်ပုံငွေလည်ပတ်မှုသည် သတ္တမအကြိမ်​မြောက်စက်ဝန်းဖြင့် လည်ပတ်ခဲ့ ပြီးအတိုးရငွေ၏ (၅၀%)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကွန်ရစ်လမ်းခင်းခြင်း (၃၉၀’x၁၀’x၆’) ၊ ခင်းခြင်းလုပ်ငန်းအား ဆောင်ရွက် နိုင်ခဲ့သည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေချေးငွေများအား ယခု ၁၀/၂၀၂၃ လတွင် အ​ပြေအကြေပေးဆပ်ပြီးဖြစ်သောကြောင့် ယခုအခါ သတ္တမအကြိမ်ချေးငွေများအား အသင်းသူ/ သား(၁၁၃)ဦးအတွက် လုပ်ငန်းအမျိုးအစားလိုက် ချေးငွေကျပ်(၄၅.၀၀)သန်းအား အတိုးနှုန်း (၁)ကျပ်ဖြင့် (၂)လတစ်ကြိမ်ပေးသွင်းရန်နှင့်၊ ချေးငွေကာလ(၁၂)လအတွင်း အရင်း အ​ပြေအကြေ ပေးဆပ်ရန် ကျေးရွာမြစိမ်းရောင်စီမံကိန်းအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်၊ ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် အောက်တိုဘာလ(၉) ရက်နေ့တွင် သလူပြိန်ကျေးရွာ၌အသင်းသူ/သား(၁၂၀) ဦးအား ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့မှ ထုတ်ချေးပေးခဲ့ပါသည်။

အဆိုပါမြစိမ်းရောင်ကျေးရွာချေးငွေထုတ်ချေးပေးမှုအား ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စီးမှူးဦးအောင်ထွန်းနှင့် ၊ တာဝန်ခံဝန်ထမ်းများမှ ကွင်းဆင်း ကြီးကြပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။