ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင် ၊ရသေ့တောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြိုနယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်းအတွက် ကျေးရွာ အဆင့် ကော်မတီဝင်များအား စီမံခန့်ခွဲမှုသင်တန်းကို အောက်တိုဘာလ ( ၉ )ရက်နေ့က မြို့နယ်ဦးစီးမှူရုံး၊အစည်းအဝေးခန်းမ၌ ကျင်းပရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များ နှင့် ကျေးရွာကော်မတီဝင်များ တက်ရောက်ကြပါသည်။ရသေ့တောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး စီမံခန့်ခွဲမှုသင်တန်းအား မြို့နယ်စီမံ ကိန်းတာဝန်ခံမှ ပို့ချသင်ကြားခဲ့ကြောင်း သိရှိရပါသည်။အဆိုပါ စီမံကိန်းသည် မိုခါဆိုင်ကလုန်းမုန်တိုင်း ကြောင့် ထိခိုက်ပျက်စီးသွားသော အခြေခံအဆောက်အဦးများ ပြုပြင်ဆောင်ရွက်ခြင်းဖြင့် ကျေးရွာသူ/သား များမှ လုပ်အားခရယူခြင်းဖြင့် မိသားစုဝင်ငွေ ရရှိနိုင်ရန် ရည်ရွယ်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ကော်မတီရန်ပုံငွေဖြင့် ဆောင်ရွက်အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။ ရသေ့တောင်မြို့နယ်တွင် လုပ်အားခပေးဖွံ့ဖြိုးရေး(Cash For Work)စီမံကိန်းဖြင့် ကျေးရွာ(၁၀)ရွာတွင် ရန်ပုံငွေကျပ်(၁၀)သန်းစီဖြင့် သောက်သုံးရေကန်တာဘောင် မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း သိရှိရပါသည်။