Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ချောက်မြို့နယ် ကျေးရွာလေးရွာ၌JICA နှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဖြင့်ဆောင်ရွက်ခဲ့သည့် စက်ရေတွင်းများ၏လက်ရှိရေရယူသုံးစွဲမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေး

07 October 23

ချောက်မြို့နယ် ကျေးရွာလေးရွာ၌JICA နှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဖြင့်ဆောင်ရွက်ခဲ့သည့် စက်ရေတွင်းများ၏လက်ရှိရေရယူသုံးစွဲမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေး
==========================================================================================================================
ချောက် အောက်တိုဘာ
===================

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာလေးရွာ၌ ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) နှင့်နည်းပညာပူးပေါင်းဆောင်ရွက်မှု စီမံကိန်းဖြင့် ဆောင်ရွက် ခဲ့သည့်စက်ရေတွင်းများ၏လက်ရှိရေရယူသုံးစွဲမှုအခြေအနေနှင့် ပြန်လည်ပြုပြင်ရန်လိုအပ်သည့်အခြေအနေများအား အောက်တိုဘာ၆ရက်နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။

ပထမဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် နှင့်တာဝန်ရှိသူများ သည် ချောက်မြို့နယ် ခပေါင်းစမ်းကျေးရွာတွင် ကျေးရွာပြည်သူများနှင့်တွေ့ဆုံကာ စက်ရေတွင်း လည်ပတ်နေမှု အခြေအနေနှင့် ပြည်သူ+ကျေးလက်+UNICEF ပူးပေါင်း၍အိမ်တိုင်ရာရောက်ရေမီတာစနစ်ဖြင့် ရေသုံးစွဲမှုအခြေ အနေများအား ကြည့်ရှု့စစ်ဆေးကာ ကျေးရွာရေမကော်မတီများ၏တင်ပြချက်အပေါ်လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိသူများသည် သံဘို(တောင်) ကျေးရွာ၌ ကျေးရွာရေကော်မတီဝင်များနှင့်တွေ့ဆုံကာ ကျေးရွာပြည်သူများလက်ရှိရေသုံးစွဲမှု အခြေအနေ များအားကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် ချောက်မြို့နယ် ဂွေးပင်ကွက်သစ်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာ ရေကော်မတီဝင်များနှင့်တွေ့ဆုံကာ စက်ရေတွင်းလည်ပတ်နေမှုအခြေအနေ၊ ပြည်သူ+ကျေးလက်+UNICEF ပူးပေါင်း၍ အိမ်တိုင်ရာရောက်ရေမီတာစနစ်ဖြင့် ရေသုံးစွဲမှုအခြေအနေများ၊ စင်မြင့်ရေစင်တည်ဆောက် ပြီးစီးမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ချောက်မြို့နယ်၊ စမ်းစုရွာမ ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာရေကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများ နှင့်တွေ့ဆုံကာ လက်ရှိရေသုံးစွဲမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ကျေးရွာမှဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နှင့်ပတ်သက်၍ တင်ပြတောင်းခံမှုအပေါ် ညွှန်ကြားရေးမှူးချုပ် ကပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။