ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ပေါက်နွယ်စမ်းကျေးရွာအုပ်စု၊ သရက်တောကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းအား နိုင်ငံ့တော်ထောက်ပံ့ငွေ(၁၅)ကျပ်သန်း၊ ပြည်သူလူထုထည့်ဝင်ငွေ (၆.၃၅)ကျပ်သန်း၊စုစုပေါင်း (၂၁.၃၅)ကျပ်သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးနှင့် တာဝန်ခံဝန်ထမ်းများမှ (၀၉.၁၀.၂၀၂၃)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။