ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးပွားစေရန်၊ ဆင်းရဲမှုနှုန်းလျော့ကျစေရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ကတုံးပေါ်အထက်ကျေးရွာ ဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့ပြီး အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲကို အောက်တိုဘာ(၅)ရက် နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုက သင်တန်းဆင်းအမှာစကားပြေကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ များကို သင်တန်းဆင်းလက်မှတ်နှင့် ထူးချွန်သူများကို ဆုများချီးမြှင့်ပြီး နည်းပြဆရာ(၂)ဦးအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြပြီး သင်တန်းသား၊ သင်တန်းသူများ ချုပ်လုပ်ခဲ့သော အဝတ်အထည်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၀)တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ နှစ်ဦးတို့က စာတွေ့လက်တွေ့ (၄၅)ရက်ကြာ သင်တန်းပို့ချပေးခဲ့ကြောင်းသိရသည်။