Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

“သံတွဲမြိုနယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း”

09 October 23

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သံတွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် မြစိမ်းရောင်းကျေးရွာစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်ကျေးရွာများအနက် တောင်ညိုကျေးရွာ၊ ဇလွန်ကျေးရွာနှင့် သာယာကွင်းကျေးရွာတို့တွင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား (၆.၁၀.၂၀၂၃) ရက်နေ့၌ သံတွဲခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်အိထွေးဝင်း၊ ခရိုင်စီမံကိန်းတာဝန်ခံအဖွဲ့နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးထွန်းသန်းဇော်၊ မြို့နယ်စီမံကိန်းတာဝန်ခံအဖွဲ့တို့သည်  ကျေးရွာတွင် စီမံကိန်း ချေးငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စုများ၏ လုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခြင်း၊ စီမံကိန်း ငွေစာရင်းစာအုပ်များတွင် လစဉ် ငွေစာရင်းဖြည့်သွင်းထားရှိမှုများအား စစ်ဆေးခြင်းနှင့် ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံ၍ ကျေးရွာ စိတ်ဓာတ်၊ စီမံကိန်းအကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဥပဒေ၊ နည်းဥပဒေများအား သိရှိလိုက်နာနိုင်ရန်အတွက် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။