ရသေ့တောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက် မည့် လုပ်အားပေးဖွံ့ဖြိုးရေး (Cash For Work)စီမံကိန်း လုပ်ငန်းများ အား ရသေ့တောင်မြို့နယ်ကျေးရွာ(၁၀)ရွာ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဖြစ်ရာ အောက်တိုဘာ (၇)ရက်က မြို့နယ်ကျေးလက်ဦးစီးမှူး ဦးတင်မောင်ဦး (လက်ထောက်ညွှန်ကြားရေးမှူး(နည်း))နှင့် စီမံကိန်း တာဝန်ခံ ဦးကျော်ကျော်နိုင်(ဒုတိယဦးစီးမှူး)နှင့် အဖွဲ့တို့မှ လုပ်ငန်း ဆောင်ရွက်ပေးမည့် ကျေးရွာများသို့ကွင်းဆင်းစီစစ်ပေးခဲ့ပါသည်။