မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ၊ ချောင်းဆုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဆင်းပွဲကို အောက်တိုဘာ ၅ ရက်က အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။ ရှေးဦးစွာ မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စန်းယုက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ မော်လမြိုင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦးက သင်တန်းဖွင့်လှစ်ဆောင်ရွက်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယညွန်ကြားရေးမှူး ဒေါ်ခင်စန်းယု၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦး ၊ ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်နိုင်ဝင်း နှင့် အဖွဲ့ဝင်များက သင်တန်းတွင် ထူးချွန်ဆုရသင်တန်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပြီး သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ အဆိုပါ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲကို ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ ၂၀ ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြဆရာမက စာတွေ့လက်တွေ့ဖြင့် စက်တင်ဘာ ၆ ရက်မှ အောက်တိုဘာလ ၅ ရက်ထိ ရက် ၃၀ ကြာ သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမော်ထံ မှ သိရသည်။