Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

“ရမ်းဗြဲမြို့နယ်၊ထိန်တွေကျေးရွာ၌ နဝမအကြိမ်မြောက်မြစိမ်းရောင်ချေးငွေများထုတ်ချေးပေးခြင်းများဆောင်ရွက်”

06 October 23

ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချောင်းဖျား(ရမ်းပေါက်)အုပ်စု၊ ထိန်တွေကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ စီမံကိန်းကာလ(၈) နှစ် ပြည့်မြောက်သည့်အချိန်တွင် မြစိမ်းရောင် မတည်ရန်ပုံငွေလည်ပတ်မှုသည် အဌမအကြိမ်​မြောက်စက်ဝန်းဖြင့် လည်ပတ်ခဲ့ပြီးအတိုးရငွေ၏ (၅၀%)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရွာတွင်းကွန်ရစ်ဘီးလမ်းခင်းခြင်း၂(၇၅၀’x၂’-၆”x၆’)၊ ခင်းခြင်းနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ရွာတွင်းကွန်ရစ်ဘီးလမ်းခင်းခြင်း၂(၅၀၀’x၂’-၆”x၆’) ခင်းခြင်းလုပ်ငန်း တို့အား ဆောင်ရွက်နိုင်ခဲ့သည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေချေးငွေများအား ယခု ၁၀/၂၀၂၃ လတွင် အ​ပြေအကြေပေးဆပ်ပြီးဖြစ်သောကြောင့် ယခုအခါ နဝမအကြိမ်ချေးငွေများအား အသင်းသား(၁၂၀)ဦးအတွက် လုပ်ငန်းအမျိုးအစားလိုက် ချေးငွေကျပ်(၃၇.၇၅)သန်းအား အတိုးနှုန်း(၁)ကျပ်ဖြင့် (၂)လတစ်ကြိမ်ပေးသွင်းရန်နှင့်၊ချေးငွေကာလ(၁၂)လအတွင်း အရင်း အ​ပြေ အကြေပေးဆပ်ရန် ကျေးရွာမြစိမ်းရောင်စီမံကိန်းအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်၊ ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် အောက်တိုဘာလ(၆) ရက်နေ့တွင် ထိန်တွေကျေးရွာ၌အသင်းသား (၁၂၀) ဦးအား ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့မှထုတ်ချေးပေးခဲ့ပါသည်။

အဆိုပါမြစိမ်းရောင်ကျေးရွာချေးငွေထုတ်ချေးပေးမှုအား ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စီးမှူးဦးအောင်ထွန်းနှင့် ၊ တာဝန်ခံဝန်ထမ်းများမှ ကွင်းဆင်း ကြီးကြပ်ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။