ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ပုဏ္ဏားကျွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ကြီး
ကြပ်မှုဖြင့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့်ဆောင်ရွက်သော လုပ်အားခပေး ဖွံ့ဖြိုးရေးစီမံကိန်း (Cash For Work) စီမံကိန်းကို ပုဏ္ဏားကျွန်းမြို့နယ် တွင်ကျေးရွာ (၁၀)ရွာအား ဆောင်ရွက်ပေးမည် ဖြစ်ပြီး စီမံကိန်းဆောင်ရွက်မည့် မက္ကလာကျကျေးရွာ၌(၅.၁၀.၂၀၂၃)ရက်နေ့တွင် စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာ ကော်မတီဖွဲ့စည်းခြင်းများကိုကျေးရွာသူ/သားများ၏ သဘောဆန္ဒနှင့်အညီ ဆောင်ရွက်နေမှုအား မြို့နယ်ဦးစီးမှူး၊ ဒေါ်အိန္ဒာကျော်၊လက်ထောက်ညွှန်ကြားရေးမှူး၊ နှင့် အဖွဲ့တို့ကဖွဲ့စည်းဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိပါသည်။