Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

“သံတွဲမြိုနယ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော ကျေးရွာ(၃)ရွာသို့ ကွင်းဆင်းဆောင်ရွက်ခြင်း”

05 October 23

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သံတွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် မြစိမ်းရောင်းကျေးရွာစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်ကျေးရွာများအနက် တင်လင်းဆိပ်ကျေးရွာ၊ မြုံချောင်ကျေးရွာနှင့် ပြည့်ဝကျေးရွာတို့တွင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား (၄.၁၀.၂၀၂၃)ရက်နေ့၌ သံတွဲခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဦးအောင်သိန်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူး(နည်း)၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးထွန်းသန်းဇော်၊လက်ထောက်ညွှန်ကြားရေးမှူး နှင့်စီမံကိန်းတာဝန်ခံဝန်ထမ်းတို့သည်  ကျေးရွာတွင် စီမံကိန်း ချေးငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စုများ၏ လုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခြင်း၊ စီမံကိန်း ငွေစာရင်းစာအုပ်များတွင် လစဉ် ငွေစာရင်းဖြည့်သွင်းထားရှိမှုများအား စစ်ဆေးခြင်းနှင့် ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံ၍ ကျေးရွာ စိတ်ဓာတ်၊ စီမံကိန်းအကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဥပဒေ၊ နည်းဥပဒေများအား သိရှိလိုက်နာနိုင်ရန်အတွက် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။