သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ အရည်အသွေးစစ်ဆေးခြင့်နှင့် အကြိုကွင်းဆင်း၍ ဖြစ်တန်စွမ်းလေ့လာခြင်းဆိုင်ရာ အသိပညာနှီးနှောဖလှယ်ဆွေးနွေးခြင်း ဆိုင်ရာ (Knowledge Sharing ) အခမ်းအနားကို (၅-၁၀-၂၀၂၃)ရက်နေ့၊နံနက်(၁၁:၀၀)နာရီအချိန်တွင်ရုံးအမှတ်(၃၆-ဘီ)တွင် ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက အရည်အသွေးစစ်ဆေးခြင့်နှင့် အကြိုကွင်းဆင်း၍ ဖြစ်တန်စွမ်းလေ့လာခြင်းဆိုင်ရာ အသိပညာနှီးနှောဖလှယ်ဆွေးနွေးခြင်း ဆိုင်ရာ (Knowledge Sharing ) အခမ်းအနားအဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က နည်းပညာပိုင်းဆိုင်ရာ ဖြည့်စွက် အမှာစကားပြောကြားသည်။
ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးထာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်မြင့်အောင်က ကျေးလက်လမ်း၊တံတားလုပ်ငန်းအတွက် Quality Control ပိုင်းဆိုင်ရာရှင်းလင်းတင်ပြခြင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီထွေးက ကျေးလက်အခြေခံအဆောက်အအုံများအတွက် အကြိုကွင်းဆင်းဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် တာဝန်ရှိသူများက မေးမြန်းကမှုအပေါ် ဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြ ကြောင်း သိရသည်။