ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျောင်းရွာ ကျေးရွာအုပ်စု၊ ကျောင်းရွာကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား မအူပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်ကျော်ဦး၊ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာမနားကီး ဦးဆောင်သောအဖွဲ့မှ ၀၅.၁၀.၂၀၂၃ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး၊ မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီး၊ အင်ဂျင်နီယာများအဖွဲ့နှင့် ကျေးရွာတာဝန်ခံများသည် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ လမ်းအရှည် ၁၀၀၀ ပေ၊ လမ်းအကျယ် ၁၀ ပေ၊ အမြင့် ၆ လက်မထုဖြင့်ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ အမှိုက်ကင်းစင်ကျေးရွာဖြစ်ရေးတစ်စမြင်တစ်စကောက်စနစ်ကျင့်သုံးဆောင်ရွက်ရန်နှင့် Mobile Solar ရေသန့်စင်စနစ် ဆောင်ရွက်မည့်အခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ကွန်ကရစ်လမ်းရေရှည်အသုံးပြုနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအပါအဝင် ကျေးရွာသူကျေးရွာသားများမှ စုပေါင်းထိန်းသိမ်းကြရန်ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအားမှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါ ကျောင်းရွာကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကိုနိုင်ငံတော် ထောက်ပံ့ရန်ပုံငွေကျပ်(၁၅.၀)သန်းနှင့် ကျေးရွာမှပြည်သူထည့်ဝင်လှူဒါန်းငွေကျပ်(၅.၀)သန်းစုစုပေါင်းငွေကျပ် (၂၀.၀) သန်းဖြင့် မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏နည်းပညာပံ့ပိုးမှု၊ အနီးကပ်စောင့်ကြည့်ကြီးကြပ်မှုများနှင့် ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင်စက်တင်ဘာလ ပထမအပတ်မှ စတင်၍ဆောင်ရွက်ခဲ့ရာ လုပ်ငန်း(၁၀၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းပြီးစီးပြီဖြစ်ပါသဖြင့်ကျေးရွာရှိ အိမ်ထောင်စု(၂၃၅)စု၊လူဦးရေ(၉၅၀)ဦးတို့မှာလမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေချောမွေ့စွာသွားလာနိုင်မည်သာမက ကျေးလက်နေပြည်သူများ၏ စည်းလုံးညီညွှတ်မှု၊ငွေကြေးစီမံခန့်ခွဲမှုစွမ်းရည်များ၊ လုပ်ငန်းအပေါ်စီမံနိုင်မှုများ၊ မိမိရပ်ရွာအတွက်ဖွံ့ဖြိုးမှုလိုလားသော ကျေးလက်ဖွံ့ဖြိုးရေးစိတ်ဓါတ်များယခင်ထက်တိုးပွားလာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။