Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု ၊ တောင်လုံးညိုကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ‌စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

04 October 23

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု ၊ တောင်လုံးညိုကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ‌စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး       

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက်‌‌‌‌ဒေသဆင်းရဲမှုနှုန်းလျှော့ချနိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့်ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ကျေးလက်လူထု၏ စွမ်း‌ဆောင်ရည်တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များကျရောက်လာပါက တုန့်ပြန်မှုအားကောင်း သောလူမှုအဖွဲ့အစည်းများပေါ်ပေါက်လာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၁၄.၉.၂၀၂၃ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာတွင်  မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ‌စိုက်ပျိုးရေး/ မွေးမြူရေးလုပ်ငန်းများအား ပဲခူးတိုင်းဒေသကြီး‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌‌ရေးဦးစီးဌာန တိုင်း‌ဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။