သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အင်္ဂလိုင်ကံ၊ရွာမ၊အင်ဖျား၊ကမ်းတင်၊မှတ်တော်မူ ၊ရဲတိုင်၊ ကုန်းတန်းကြီး၊သဲကောရွာသစ်၊ တဲကုန်းကျေးရွာများ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊မြေနီကျောက်စရစ်ခင်းခြင်းနှင့် ရေသန့်စင်စက်တပ်ဆင်ခြင်း လုပ်ငန်းများအား မြို့နယ်ဦးစီးမှူးနှင့်တာဝန်ခံဝန်ထမ်းများ ကွင်းဆင်းစစ်ဆေး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနကကေျးလက်နေပြည်သူများကိုယ်တိုင်ကျေးရွာ၏ ပကတိလိုအပ်ချက်ကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံချက်များရေးဆွဲဖော်ထုတ်နိုင်စေရန်၊ ကျေးရွာများ၏ ဦးစားပေး စီမံချက်များအပေါ်အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ လျာထားပြီး စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာများမှ ထွက်ပေါ်လာသော စီမံချက်လုပ်ငန်း များအား မြို့နယ်အဆင့် ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေး အစီအစဉ်များနှင့် ချိတ်ဆက်နိုင်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ကျေးရွာတစ်ရွာလျှင် ငွေကျပ်(၁၀.၀၀)သန်းထောက်ပံ့ပေးပါသည်။ ၂၀၂၃-၂၀၂၄ခု ၊ ဘဏ္ဍာရေးနှစ်မှစ၍ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်ကျေးရွာတစ်ရွာလျှင် ငွေကျပ် (၁၅.၀၀)သန်း ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ အဆိုပါစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ၉.၉.၂၀၂၃ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် အင်္ဂလိုင်ကံ၊ ရွာမ၊ အင်ဖျား၊ ကမ်းတင်၊ မှတ်တော်မူ၊ ရဲတိုင်၊ ကုန်းတန်းကြီး၊ သဲကောရွာသစ်၊ တဲကုန်းကျေးရွာများ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ထောက်ပံ့ ရန်ပုံငွေ ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊မြေနီကျောက်စရစ်ခင်းခြင်းနှင့် ရေသန့်စင်စက်တပ်ဆင် ခြင်းလုပ်ငန်းများအား မြို့နယ်ဦးစီးမှူးနှင့်တာဝန်ခံဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့သည်။