Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးညှင်းမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

03 October 23

မိုးညှင်းမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မိုးညှင်း၊အောက်တိုဘာ ၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၃ ရက်နံနက် ၁၀နာရီအချိန်ကမြို့နယ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်းပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျေးရွာများတွင် ကုန်ထုတ်လမ်းများအကောင်အထည်ဖော်ဆောင်ရွက်ကြမည့် ကုမ္ပဏီ များမှတာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်မည့် အစီအစဉ်များအားမိတ်ဆက်ရှင်းလင်း ပြောကြား ပြီး ကျေးရွာများမှ တစ်ရွာချင်းစီအလိုက် ကုန်ထုတ်လမ်း ဆောင်ရွက်နိုင်ရေး အခြေအနေများ အား အသီး သီးဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် အင်ဂျင်နီယာဌာနစိတ်မှ ဦးစီးအရာရှိ(နည်းပညာ) ဦးသက်တင်ဦးက ကုန်ထုတ်လမ်းဆောင် ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်စံချိန်စံညွှန်းများနှင့်ပတ်သက်ပြီး ပါဝါပွိုင့်ဖြင့် ရှင်းလင်း ဆွေးနွေးပြောကြားကာအခမ်းအနားကိုရုတ်သိမ်းလိုက်ကြောင်းသိရသည်။

(၃.၁၀.၂၀၂၃)ရက်နေ့ မြဝတီရုပ်မြင်သံကြား ညနေ ၆ နာရီပြည်တွင်းသတင်းတွင်ပါရှိသည်။