မိုးညှင်းမြို့၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ် (၂.၁၀.၂၀၂၃)ရက်နေ့မြဝတီရုပ်မြင်သံကြား ညနေ ၆ နာရီပြည်တွင်းသတင်း
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းမြို့မှာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး အင်္ဂလိပ်စကားပြောသင်တန်းကို အောက်တိုဘာ ၂ ရက်နေ့ နံနက် ၁၀ နာရီ က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း ကအဖွင့်အမှာစကားပြောကြားပြီး သင်တန်းဆရာဦးအောင်မင်းသူကသင်တန်းတွင် သင်ကြားပို့ချပေး သွားမည့် ဘာသာရပ်များကိုမိတ်ဆက်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဝန်ထမ်းစွမ်းဆောင်ရည်မြှင့် အင်္ဂလိပ်စကားပြောသင်တန်းကို ခရိုင်ကြီးကြပ်မှုအောက်ရှိ မြို့နယ်များမှ သင်တန်းသား သင်တန်းသူ (၁၂)ဦး တက်ရောက်ကြပြီး သင်တန်းကာလအနေဖြင့် အောက်တိုဘာ ၂ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ နှစ်လကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
(၂.၁၀.၂၀၂၃)ရက်နေ့မြဝတီရုပ်မြင်သံကြား ညနေ ၆ နာရီပြည်တွင်းသတင်းတွင်ပါရှိသည်။